This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, January 14, 2013

ပဌာန်းတရားတော်မှ ၂၄ ပစ္စည်းပဌာန်း အဓိပ္ပါယ်အကျဉ်းချုပ်

ပဌာန်းတရားတော်မှ ၂၄ ပစ္စည်းပဌာန်း အဓိပ္ပါယ်အကျဉ်းချုပ် (ကုသိုလ်ပွားများနိုင်စေရန် )



ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ် )
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု၊ အာရမ္မဏခေါ် )
အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ် )

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။


ဖေ့ဘုတ်မှ ပြန်လည်ဝေမျှခြင်းသာ.........

Sunday, January 13, 2013

T ဖြင့် စ/ဆုံးသော Model Handset များ မြန်မာနိုင်ငံရှိ Mobile-Network အတွက် သင့်တော်သည့် Handset များ မဟုတ်ဟု သိရ

ယခု မြန်မာနိုင်ငံ မိုဘိုင်းဟန်းဆက် ဈေးကွက်အတွင်းရှိ Huawei အမျိုးအစား Handset များထဲမှ
T 9200, T 8830, T 8828, T 8620, Ascend Y200T, Y220T စသည့် ဟန်းဆက်များမှာ
2G Network တစ်ခုတည်းကိုသာ အထောက်အပံ့ပေးပြီး 3G Network ကိုမူ
အထောက်အပံ့မပေးနိုင်ဟု သိရသည်။ ၎င်း Model Handsets များကို သုံးစွဲသူများကလည်း
System Error များ ခဏခဏ ကြုံတွေ့ရကြောင်းသိရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍
Huawei Company မြန်မာနိုင်ငံ ရုံးခွဲမှ တာဝန်ရှိသူများက “ထိုကဲ့သို့ T ဖြင့်စ၍ T ဖြင့်ဆုံးသော
Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက်
သင့်တော်သည့် Handset များ မဟုတ်ကြောင်း၊
၎င်း Model များမှာ TD-SCDMA Network ကိုသာ အထောက်အပံ့ပေးနိုင်ပြီး
WCDMA Network ကိုမူ အထောက်အပံ့ မပေးနိုင်ပေ။
TD-SCDMA Network ဆိုသည် မှာ China Operator အတွက်သာ
အထောက်အပံ့ ပေးနိုင်ပြီး မြန်မာနိုင်ငံရှိ Network နှင့် ကိုက်ညီမှု မရှိပေ။
ထို့ကြောင့် System Error များ ခဏခဏ ဖြစ်တတ်ပေါ်တတ်ခြင်း ဖြစ်ပေသည်။
ဈေးကွက်အတွင်းရှိ ၎င်း Model Handset များမှာ ဈေးနှုန်းအားဖြင့် သက်သာသော်လည်း
အသုံးပြု၍ အဆင်မပြေသောကြောင့် Customer များအနေဖြင့် သတိပြုဆင်ခြင်၍
ဝယ်ယူသင့်ကြောင်း၊ ထို့အပြင် အဆိုပါ Model Handset များမှာ
China မှ တိုက်ရိုက် တင်သွင်းလာသည့် ပစ္စည်းများဖြစ်ပြီး
မြန်မာနိုင်ငံ ရုံးခွဲအနေဖြင့် စမ်းသပ်စစ်ဆေးပြီး တာဝန်ယူတင်သွင်းသည့် ပစ္စည်းများမဟုတ်ကြောင်း
ပြန်လည် ပြောကြားခဲ့သည်။ ၄င်း Handset များ၏ နောက်ကျောဘက်တွင်
China Mobile ဟု ပါဝင်ပြီး ရှေ့မျက်နှာပြင်တွင် ခရုပတ်ပုံ Logo တစ်ခု ပါရှိသည်။
စာဖတ်သူများအနေဖြင့် အသေးစိတ် သိရှိလိုပါက
Facebook ရှိ Huawei Smart Phone in Myanmar တွင် တိုက်ရိုက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

skype မှာ မြန်မာစာ သုံးမရဘူးဆိုတဲ့သူများအတွက်ပါ ....

 
Menu Bar မှာရှိတဲ့ Tools >> options ကို နှိပ်ပါ

IM & SMS ကို နှိပ်ပါ... အဲဒီအောက်ကမှ
IM appearance ကို နှိပ်လိုက်ရင်... change font ဆိုတာတွေ့ရမှာပါ။
အဲဒီမှာ ဇော်ဂျီ font ကို ပြောင်းပေးလိုက်ရုံပါ။
သို့ပေသိ ...
တစ်ဘက်က user က သူ့ရဲ့ skype မှာ ဇော်ဂျီ font ပြောင်းမထားရသေးရင် အဆင်မပြေနိုင်ပါ။
အဲဒါကြောင့် နှစ်ဖက်စလုံးက ဇော်ဂျီ font ပြောင်းထားပြီးသုံးမှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်းပါ။

Friday, January 11, 2013

မင်းဒင်ရဲ့သက်ခိုင် (ဒုတိယအကြိမ် ရိုက်နှိပ်ခြင်း)




                                                      ယနေ့ထွက်ပါပြီ
ဒုတိယအကြိမ်ရိုက်နှိပ်ခြင်း
မျက်နှာဖုံးပန်းချီ ။   ။ ပန်းချီမျိုးမြင့်
စာအုပ်အပြင်အဆင်။   ။ သီဟမောင်မောင်
စီစဉ်သူ။   ။ကိုဝင်းဟိန်း
ဖြန့်ချိရေး ။    ။ သက်ခိုင်စာပေ
                   (+၆၆(၀)၈၁၇၁၉၁၀ ၉၂ )
                   email; mindin3000@gmail.com
                                  .............................................................
                                          ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် 
                                              စာရေးသူ၏ အမှာစာ
“မင်းဒင်ရဲ့ သက်ခိုင်” သည် စာရေးသူ၏ရင်တွင်း၌  နှစ်ကာလအားဖြင့် ကြာရှည်လေးမြင့်စွာကပင် ဖြစ်ပေါ် တည်ရှိခဲ့သော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ အခွင့်သာသည့် ၂၀၀၈ ခုနှစ်ဝန်းကျင်၌ www.mindin.info တွင် စတင် လူးလွန့်နိုးကြားလာခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ် စာအုပ်အဖြစ် အလားမြောက် ခဲ့ပါသည်။ မျှော်လင့်မထားသည့် အခြေအနေတရပ်အထိ စာဖတ်သူတို့၏ အားပေးမှုများ ရရှိခဲ့သောကြောင့် သက်ခိုင်ကိုထုဆစ် ဖန်တီးရကျိုးနပ်သည်ဟူသော ဝမ်းမြောက်ပီတိဖြင့် စာဖတ်သူများ အား ကျေးဇူးစကား လေးနက်စွာ ဆိုပါ၏။ စင်စစ် ထိုကျေးဇူးတရား၏ နောက်ဆက်တွဲသည်ပင် “မင်းဒင်ရဲ့သက်ခိုင်”ကို ဒုတိယအကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေနိုင်ခြင်း၏ အခြေခံအကြောင်း တရား ဖြစ်ချေသည်။
ဤစာအုပ်တွင် ဇာတ်ကောင်အမည်အများစုမှာ သက်ရှိထင်ရှားရှိခဲ့သူများ ၊ရှိနေသူများ၏ အမည်နာမများ ပါဝင်နေလေရာ ကာယကံရှင်ပုဂ္ဂိုလ်အချို့အနေဖြင့် မနှစ်မြို့စရာဖြစ်ကြမည်မှာ သေချာလှသော အချက်ဖြစ်၏။ စင်စစ် သက်ခိုင်သည် အမှန်တကယ်သက်ရှိထင်ရှားရှိသည့် ဇာတ်ကောင်ဖြစ်ရုံမက သူကျင်လည်ခဲ့သည့် ခေတ်ကာလအပိုင်းအခြားမှာလည်း လက်ရှိကာလနှင့်မနီးမဝေးသည့် ခေတ်ပြိုင်ကာလပင်ဖြစ်၍ ဤဇာတ်အိမ် သည် သက်ရှိထင်ရှား ဇာတ်ကောင်များနှင့် ဆပ်စပ်နေရခြင်း ဖြစ်ပေသည်။စာရေးသူ အနေဖြင့်  မျက်မှောက် ခေတ်လူ ငယ်များအား ဘဝသင်ခန်းစာ၊ သမိုင်းသင်ခန်းစာ ဖြစ်လိုဖြစ်ငြားသာ ရည်ရွယ်ခဲ့ပြီး တစုံတယောက်သို့ ထိခိုက်နစ်နာစေရန် ရည်သန်ခဲ့သည်မဟုတ်ချေ။
စာရေးသူ အနေဖြင့် သက်ခိုင်ကို ဖန်တီးရာ၌ အာဃာတရားကို အတတ်နိုင်ဆုံး မေ့ပျောက်ဖယ်ရှားလျက် သံဝေဂ တရားဖက်သို့ ဇောင်းပေးရေးသားခဲ့ရိုးအမှန်ဖြစ်ပါသည်။ ရေးသားနေစဉ်ကာလတွင်လည်း စာရေးသူ၏ စိတ်အစဉ်ကို ကြိမ်ဖန်များစွာ ဆုံးမခဲ့သည်မှာလည်း မှန်သောသစ္စာစကားဟု လိပ်ပြာသန့်စွာ ဆိုဝံ့ပါ သည်။
ထို့ကြောင့် ဇာတ်လမ်းပါ အကြောင်းခြင်းရာအားလုံးမှာ စာရေးသူ တတ်ကျွမ်းသမျှ ချယ်မှုန်း ပုံဖော်ထားသည် သက်ခိုင်၏  ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူ တို့အနေဖြင့် ဖော်ပြထားသမျှသော အချက် အလက်၊ ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချ အမှန်ချည်းဖြစ်သည်ဟု  ယူဆကြရန်မဟုတ်မူပဲ မိမိတို့ ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်။
ဒုတိယအကြိမ်ရိုက်နှိပ်ခြင်းတွင် ပထမအကြိမ်ရိုက်နှိပ်စဉ်က လွဲမှားစွာဖော်ပြမိခဲ့သော အကြောင်းအချက် အမည်နာမအချို့ကို ဖြည့်စွက်ပြင်ဆင်ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြနိုင်ရန် အတွက် မေတ္တာစေတနာဖြင့် ထောက်ပြ ပြင်ဆင်ပေးခဲ့သူများအား ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
ရသစာအုပ်တအုပ် ပီပြင်စွာဖြစ်ပေါ်လာနိုင်ခြင်းမှာ အခိုက်အတန့်အားဖြင့် စာရေးသူတွင် ပူးကပ်လာသော ဈာန်သဘောနှင့် အခြေအနေပေးမှု အပေါ်တွင်သာ မူတည်လေရာ ဒုတိယအကြိမ်ရိုက်နှိပ်ထုတ်ဝေရခြင်း အတွက် စာရေးသူအနေဖြင့် ဂုဏ်ယူပလွှားစရာ အကြောင်းမမြင်ပဲ၊ ဤစာအုပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ပေးခဲ့ကြသည့် မျက်နှာဖုံးပန်းချီမျိုးမြင့်၊ ရခိုင်သတင်းစာ အယ်ဒီတာ ဦးဌေးဝင်း၊  ဓာတ်ပုံ ဂျစ်တူး(မုံရွာ)၊ ကိုသီဟမောင်မောင်၊ ကဗျာဆရာနှင်းခါးမိုး၊ ကိုမောင်မောင်ဈာန် ၊ကိုဝင်းဟိန်း၊ ကိုဝင်းမြင့် (စင်္ကာပူ) ၊ ကိုရဲ (စင်္ကာပူ)၊ ရွှေပြည်စိုး(စင်္ကာပူ) နှင့်တကွ စာဖတ်ပရိတ်အားလုံး၏ ကျေးဇူးတရားသို့သာ ဦးညွတ်လိုပါသည်။
ချမ်းသာကိုယ်စိတ်မြဲပါစေ
လေးစားမှုများဖြင့်
မင်းဒင်
mindin3000@gmail.com
၂၀၁၂ ခုနှစ်။ အောက်တိုဘာလ (၃၀) ရက် ။
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ။